ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့TA TA Power Delhi Distribution Limited (TATA Power DDL) မှဆောင်ရွက်နေသော Power Distribution Unit သို့သွားရောက်လေ့လာ
နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် TA TA Power Delhi Distribution Limited (TATA Power DDL) မှ ဆောင်ရွက်နေသော Power Distribution Unit သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး ရှင်းလင်းဆောင်တွင် နယူးဒေလီမြို့တော်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပါသည်။
Read More...
Post under by : Ministry Office
: 26-Dec-2017
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် အိန္ဒိယနိုင်ငံရှိ Panipat ရေနံဓာတုစက်ရုံစုသို့ သွားရောက် ခြင်း၊ အိန္ဒိယနိုင်ငံ Power Minister နှင့် Petroleum and Natural Gas Minister တို့ တွေ့ဆုံ ဆွေးနွေး
နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၁၉-၂-၂၀၁၇) ရက်နေ့နံနက်ပိုင်းက နယူးဒေလီမြို့မှ ထွက်ခွာခဲ့ရာ ဟာရန (Haryana) ပြည်နယ်တွင် တည်ရှိသော Indian Oil Corporation Limited ပိုင် Panipat ရေနံဓာတုစက်ရုံစုသို့ ရောက်ရှိခဲ့ပါသည်။
Read More...
Post under by : Ministry Office
: 26-Dec-2017
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံရှိ အပူစွမ်းအင်သုံးစက်ရုံ၊ Coal Offloading Terminal ၊ Container Terminal နှင့် HVDC Substation တို့သို့ သွားရောက်လေ့လာ
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်ရန်နှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်နှငင့် စွမ်းအင်ကဏ္ဍ ဆိုင်ရာလုပ်ငန်းများကို လေ့လာရန်အတွက် အိန္ဒိယနိုင်ငံ Petroleum and Natural Gas ဝန်ကြီး၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်သောင်း လိုက်ပါလျက် ယနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်ရှိ Adani Power Limited မှ Operator အဖြစ်ဆောင်ရွက်နေသော ၄၆၂၀ မဂ္ဂါဝပ်တပ်ဆင်အင်အားရှိ အပူစွမ်းအင်သုံး Mundra Power Plant သို့ရောက်ရှိခဲ့ပါသည်။
Read More...
Post under by : Ministry Office
: 26-Dec-2017
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒ
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးအောင်မြင့်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၇-၁၂-၂၀၁၇ ရက်နေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပါသည်။
Read More...
Post under by : Ministry Office
: 26-Dec-2017
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပို ရေးရှင်း ၊ စိန်ပန်းမြိုင်ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး 66/ 33/ 6.6 kV Sub-Station နှင့် Control Room တို့အား ကြည့်ရှုစစ်ဆေးပါသည်။
Read More...
Post under by : Ministry Office
: 26-Dec-2017