The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ASEAN-India High Level Conference on Renewable Energy သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးတက်ရောက်အဖွင့်အမှာစကားပြောကြား
အိန္ဒိယနိုင်ငံ၊ Ministry of New and Renewable Energy၊ Ministry of External Affairs၊ The Energy and Resources Institute (TERI) နှင့် ASEAN Centre for Energy (ACE) တို့ပူးပေါင်း၍ Experience and Innovations for Integrated Renewables Market ခေါင်းစဉ်ဖြင့် ASEAN-India High Level Conference on Renewable Energy အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် နှင့် ၈ ရက်နေ့များတွင် Video Conferencing စနစ်ဖြင့်ကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးတက်ရောက် ၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Feb-2022
ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းထုတ်ပြန်ခြင်း ကြော်ငြာစာအမှတ်( ၁ / ၂၀၂၂ )
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ဌာနအသီးသီးတွင် ဖြည့်တင်းခန့်ထားရန် အတွက် အငယ်တန်းအင်ဂျင်နီယာ(၂) ၊ ဒု-ဦးစီးမှူး(စက်/လျှပ်) (မြို့ပြ)နှင့် လျှပ်စစ်ကျွမ်းကျင်(၂)ရာထူး စုစုပေါင်း ( ၅၅၂ )နေရာကို သတင်းစာမှ ထုတ်ပြန်ကြော်ငြာခေါ်ယူခဲ့ပြီး ရေးဖြေစာမေးပွဲအား စာစစ်ဌာန( ၅ )ခု၌ (၉ . ၁ . ၂၀၂၂)ရက်နေ့တွင် ဖြေဆိုခဲ့ကြသူများအနက်မှ လူတွေ့အရည်အချင်းစစ်ဆေးခံရန် အောင်မြင်သူ များမှာ အောက်ပါအတိုင်းဖြစ်ပြီး ဖော်ပြပါရက်များအလိုက် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည် -


Read More...

Posted under : ဝန်ကြီးရုံး
: 04-Feb-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှု မွမ်းမံ သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Feb-2022
အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေး (၂၀၂၂) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာနအုပ်ချုပ်မှုကောင်စီအစည်းအဝေးများကျင်းပ
အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေး (၂၀၂၂) (SPECIAL SENIOR OFFICIALS MEETING ON ENERGY (SPECIAL SOME) -2022) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာန (ASEAN CENTRE FOR ENERGY – ACE) အုပ်ချုပ်မှုကောင်စီအစည်းအဝေးတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ဘရူနိုင်းနိုင်ငံမှအလှည့်ကျဥက္ကဌအဖြစ် Video Conferencing စနစ်ဖြင့်ကြီးမှူးကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) ဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Jan-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်စမ်းသပ် စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ ထိန်းသိမ်း/ပြုပြင် မောင်းနှင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံ များ ပြုပြင်/ ထိန်းသိမ်း/ မောင်းနှင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁)ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ(၁၇)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Jan-2022
l>