The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကြီးမှူးကျင်းပသော ကမ္ဘာ့အင်ဂျင်နီယာနေ့(World Engineering Day for Sustainable Development) အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ညစာစားပွဲ ကျင်းပပြုလုပ်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကမ္ဘာ့ အင်ဂျင်နီယာနေ့ (World Engineering Day for Sustainable Development) အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၇ ရက်နေ့ ညနေ ၁၈:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-Mar-2020
၂၃၀ ကေဗွီ (သထုံ-မော်လမြိုင်) - ဘားအံဓာတ်အားလိုင်းတည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဒေသခံများအား ရှင်းလင်းပြောကြား
၂၃၀ ကေဗွီ (သထုံ-မော်လမြိုင်) - ဘားအံဓာတ်အားလိုင်းမှ ၂၃၀ ကေဗွီ ဘားအံ(ဆဒ္ဒန်) ဓာတ်အားခွဲရုံ သို့ အဝင်/အထွက် ဓာတ်အားလိုင်း(၈.၄၁)မိုင် တည်ဆောက်နိုင်ရေးအတွက် (၁၅.၂.၂၀၂၀) ရက်နေ့တွင် ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနမှ တာဝန်ရှိသူများသည် ဘားအံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ နှင့်အတူ ၂၃၀ ကေဗွီ ဘားအံ (ဆဒ္ဒန်) ဓာတ်အားခွဲရုံတွင် ၂၃၀ ကေဗွီ (သထုံ-မော်လမြိုင်)- ဘားအံဓာတ်အားလိုင်းတာဝါတိုင်ကျရောက်နေသည့်နေရာ၊ ချဉ်းကပ်လမ်းဆောင်ရွက်မည့်နေရာနှင့် ဓာတ်အားလိုင်း Right of Way ပေ (၁၅၀) အတွင်းကျရောက်သည့် သီးနှံပင်နှင့် နှစ်ရှည်ပင် များအတွက် နစ်နာကြေးပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဒေသခံတောင်သူ များထံသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 06-Mar-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၅ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Mar-2020
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၁၇.၁.၂၀၂၀ရက်နေ့မှ ၁၃.၂.၂၀၂၀ ရက်နေ့အထိ)
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၁၇.၁.၂၀၂၀ရက်နေ့မှ ၁၃.၂.၂၀၂၀ ရက်နေ့အထိ)


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 04-Mar-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်နှင့် အလုံမြို့နယ်အတွင်းရှိ (၁၅၁) မဂ္ဂါဝပ် LNG to Power အလုံဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်တို့အား သွားရောက်ကြည့်ရှုစစ်ဆေး
၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်အတွင်းရှိ (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်နှင့် အလုံမြို့နယ်အတွင်းရှိ (၁၅၁) မဂ္ဂါဝပ် LNG to Power အလုံဓာတ်အားပေး စက်ရုံ စီမံကိန်းအသစ်တို့၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ လျက် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 01-Mar-2020
l>