MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများ လျှပ်စစ် ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၇.၁၀.၂၀၁၇) ရက်နေ့တွင် မိတ္ထီလာခရိုင်အတွင်းရှိ ၃၃ကေဗွီ ခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။

          အဆိုပါခွဲရုံများမှ ၃၃ကေဗွီ၊ ၁၁ကေဗွီ ဓာတ်အားလိုင်းများဖြင့် ဓာတ်အားဖြန့်ဖြူး ထားရှိသည့် မြို့ပေါ်ရပ်ကွက်(၁၄) ခု၊ ကျေးရွာ ၁၀၃ ရွာနှင့် စက်မှုဇုန်တို့တွင် လက်ရှိဗို့အား အခြေအနေ၊ ရပ်ကွက်နေပြည်သူလူထုများ ဓာတ်အားသုံးစွဲနေမှုများ အဆင်ပြေမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးပြီး ၃၃ကေဗွီ အောင်ဆန်းခွဲရုံ၊ ဝန်ဇင်းခွဲရုံနှင့် စက်မှုဇုန်ခွဲရုံတွင်  ဗို့အားအတက်အကျ ဖြစ်ပွားနေမှုများကို ထိန်းညှိဆောင်ရွက်ပေးခြင်းများ စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။

Post under by : Ministry Office
05-Dec-2017
© by MOEP. Powered by Next Hop Co.,Ltd.